ပြပွဲ အစီအရင်ခံစာ
မြန်မာ့သစ် ပြပွဲ နှင့်ပတ်သက်သော အစီရင်ခံစာ (၂၀၁၈)
မြန်မာနိုင်ငံ၏ ၂၀၁၈ ခုနှစ် မြန်မာ့သစ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။ ထိုပြပွဲတွင် နိုင်ငံပေါင်း (၂၁)နိုင်ငံ မှလာရောက်ပြသခဲ့ပြီး ၊ စိတ်ဝင်တစားကြည့်ရှုလေ့လာသူပေါင်း (၈၂၃၅)ယောက် ဖြင့်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ကြောင်းတင်ပြအပ်ပါသည် ပြခန်းမအသစ်ဖြစ်သည့် ရန်ကုန်ကွန်ဗင်းရှင်းစင်တာတွင် ၂၀၁၈ ခုနှစ် ၊ နိုဝင်ဘာလ (၁) ရက် နေ့ မှ (၄) ရက် အထိကျင်းပခဲ့သည့် ၂၀၁၈မြန်မာ့သစ်ပြပွဲ သည် သစ်လက်မှုလုပ်သားများလိုအပ်နေသော သစ်စက်မှုလုပ်ငန်းများ၊ လာရောက်လေ့လာသူများအတွက် အသစ်သစ်သော ဆန်းသစ်ပြောင်းလဲမှု နှင့် စက်မှုလုပ်ငန်းများ၊ စီးပွားရေး ဆိုင်ရာပညာရှင်များနှင့် ကမ္ဘာအနှံ့ မှ ကုန်သည်များ အကြား ထူးခြားသောပြပွဲအဖြစ် သတင်းဆောင်းပါးများတွင်ဖော်ပြခြင်းခံ ရသောပြပွဲတစ်ခုဖြစ်ပါသည်။
ပြပွဲအစီအစဉ်ဖော်ပြချက်
နိုဝင်ဘာလ (၁) ရက်နေ့ မှ (၃) ရက်နေ့ အထိ ၊၂၀၁၈ ခုနှစ်။ (မနက် ၁၀း ၀၀ နာရီ မှ ညနေ ၅း၀၀ နာရီ အထိ)
နိုဝင်ဘာလ (၄) ရက် ၊ ၂၀၁၈ ခုနှစ်။ (မနက် ၁၀း ၀၀ နာရီ မှ ညနေ ၄း၀၀ နာရီ အထိ)
ရန်ကုန်ကွန်ဗင်းရှင်းစင်တာ (YCC)၊ (အင်းလျားလိတ်ဟိုတယ်ဝင်းအတွင်း)
Yorkers Trade & Marketing Service Co., Ltd.
မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်
မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း
Chan Chao International Co., Ltd.